ဝိုင်းမော် ဩဂုတ် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်လ (၁၈) ရက်နေ့ နံနက်(၉) နာရီက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် အသက်(၁၈) နှစ်ပြည့်သည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ပြီး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက် ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လက်ထောက်လဝကမှူး ဦးအားဆီဖီးထွေ ဦးဆောင်သည့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာတွင် အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသူ (၄၂) ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂၁) ကတ် ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်(၂) ရပ်ကွက် နှင့် ကျေးရွာ (၆) ရွာများသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးစိုးမင်းထံမှ သိရှိရသည်။
ခိုင်သက်မွန် (ပြန်/ဆက်)