ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကွန်ကရစ်ဓာတ်တိုင်များအသစ် လဲလှယ်တပ်ဆင်ခြင်း ဆောင်ရွက်

ဒဂုံ ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ပြည်အနောက်ရပ်ကွက် ပြည်ထောင်စုရိပ်သာ လမ်း၌ မိုးရာသီကာလများတွင် ဖြစ်ပေါ်တတ်သောလျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာ လှပ စေရေး အတွက် ကွန်ကရစ်ဓာတ်တိုင်များ အသစ် အစားထိုးလဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မျိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ဆင်ဆောင်ရွက်ပေးရာတွင် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက ယခင်သံတိုင်နေရာတွင် ကွန်ကရစ် တိုင်(၁၄)တိုင် အစားထိုးတပ်ဆင် ခဲ့ကြောင်း သိရသည်။ ယင်းသို့ တပ်ဆင်ပေးခြင်းအားဖြင့် ခရီးသွားသူ ပြည်သူများ ခရီးသွားလာရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်စွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)