တောင်သာမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သည့် ဆွေးနွေးပွဲကျင်းပ

တောင်သာ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ် ပြည်သူ့စာကြည့်တွင် မြိုနယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦစီးအရာရှိ ဦးတင်ကိုကိုဝင်းနှင့် Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်လျက်ရှိပြီး ပန်းခင်စီမံ ချက်နှင့် ပတ်သက်၍ ဘယ်အချိန်ကစပြီး ဘယ်ကာလအထိ ဆောင်ရွက်မည့် အစီအစဉ်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ လျှောက်ထားရာတွင်  ပါဝင်ရမည့် အချက်များ၊  ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေအား ရှင်းပြခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦစီးအရာရှိ ဦးတင်ကိုကိုဝင်းက  နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်ချက်အရ   မြန်မာနိုင်ငံသားများ ဖြစ်ကြ သော တိုင်းရင်းသားများနှင့်  ဥပဒေအရနိုင်ငံသားများအား  ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးကို  လွယ်ကူလျှင်မြန်ချောမွေ့စွာ  ပြည်သူလူထု လက်ဝယ်ထံ အရောက် ဆောင်ရွက်ပေးသွားခဲ့ပြီး  ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၇)အုပ်စုအထိ ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဆိုလျှင်(၆)လကျော်ကာလကို ရောက်ရှိခဲ့ပြီး (၃-၁၁-၂၀၂၂) မှာ ပြီးဆုံးမှာ ဖြစ်ကြောင်းနှင့် ပြည်သူများကလည်း မိမိတို့ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံရစေရေး လူမှုဘဝပြည့်စုံဘို့  နိုင်ငံသားကတ်ကိုင်ကြစို့   ပုံဖော်ပြီး အကြံပေး တိုက်တွန်းစကားများ ပြောကြားခဲ့ ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)