ဒေါပုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသား(၁၈၂)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် စတင်ထိုးနှံပေး

ဒေါပုံ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေး၍ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်စေရေး အတွက် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို ယနေ့နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်စုရပ် ကျောင်းများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား/ ကျောင်းသူများထဲမှ ကျောင်းသား/ကျောင်းသူ (၁၉၈)ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)များကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင် အဆိုပါ ထက်၊လယ်

ကျောင်းသား/ကျောင်းသူ (၁၈၂) ဦးအား အ.ထ.က (၁)ကျောင်းတွင် စုရပ်သတ်မှတ်၍ ဒုတိယအကြိမ် အဖြစ် ဆက်လက် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးမှတ်တမ်း QR ကုဒ်စာရွက်များ ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားရန် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)