ဝေါလေမြိုင် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့် ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဝေါလေမြိုင် မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီမှ ဦးဆောင်ပြီး တပ်မတော်ဆေး တပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်မှ ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ဒေသခံပြည်သူ ၄၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်မျိုးသင်း