မိုင်းခတ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မိုင်းခတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နှင့် သတ်မှတ်ထားသည့် ရပ်ကွက်၊ ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် အဖွဲ့များဖွဲ့စည်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သတ်မှတ်ထားသော နေရာများ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)