ဒလမြို့နယ်၌ မော်တော်ဆိုင်ကယ်တစ်စီးလျင် လူတစ်ဦးထက် ပိုမိုစီးနင်းခွင့်မပြုစေရေး ထုတ်ပြန် ကြေညာ

ရန်ကုန် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ မော်တော်ဆိုင်ကယ်တစ်စီးလျင် လူတစ်ဦးထက် ပိုမိုစီးနင်းကြောင်း စစ်ဆေးတွေ့ရှိပါက ပညာပေးအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ မှ ယနေ့ မွန်းလွဲပိုင်းက  သိရသည်။

ဒလမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများအတွင်း မော်တော်ဆိုင်ကယ် စီးနင်းပါက မော်တော်ဆိုင်ကယ် တစ်စီးလျင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုရေး အသိပေးကြေညာသွားရန်နှင့် မော်တော်ဆိုင်ကယ် တစ်စီးလျင် လူတစ်ဦးထက် ပိုမိုစီးနင်းကြောင်း စစ်ဆေးတွေ့ရှိပါက ပညာပေး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ အသိပေးကြေညာ လျက်ရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း (ဒလနှင့်ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ) မော်တော်ဆိုင်ကယ်စီးနင့်ခွင့် မပြုကြောင်း အမိန့်အား အများပြည်သူသိရှိစေရေး အကြောင်းကြားထား ရှိပြီးဖြစ်ကြောင်း၊ ယခုအခါ အကြမ်းဖက်သမားများသည် မော်တော်ဆိုင်ကယ် အသုံးပြု၍ အကြမ်းဖက် တိုက်ဖျက်မှုများကို ပြုလုပ်လာကြောင်း စိစစ်တွေ့ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ အမိန့်အမှတ်(၁/၂၀၂၁) အရ မော်တော် ဆိုင်ကယ်မစီးရ ထုတ်ပြန်ထားသော မြို့နယ် များတွင် မော်တော်ဆိုင်ကယ်စီးနင်းမှု မရှိစေရေးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ကျန်အခြား မြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းပါက မော်တော်ဆိုင်ကယ်တစ်စီးလျင် တစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုရေး အသိပေး အကြောင်းကြား သွားရန်နှင့် စစ်ဆေးတွေ့ရှိပါက မြို့နယ်အဆင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီမှ ပညာပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းကျော်(IPRD)