လှိုင် သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် Mobile Library ဖွင့်လှစ်၍ စာငှားကတ် ပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များအား ပြည်သူများ၊ စာဖတ် ပရိသတ်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက် ပေးခဲ့ ကြသည်။
အဆိုပါ Mobile Library ဖွင့်လှစ်၍ စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းကို မိမိတို့ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ဝါသနာရှင်များ စာအုပ်စာပေများကို ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်စေရန်၊ စာကြည့်တိုက်ကို ပိုမိုယုံကြည်အားကိုး လာစေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မားလာပြီး ဗဟုသုတတိုးတက်စေရန်အတွက် ရုံးများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ လစဉ်သွားရောက် ငှားရမ်းပေးခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ငှားရမ်းပေးခြင်း ကို နှစ်ပတ်လျှင်(၁)ကြိမ် အသစ်လဲလှယ် ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)