ဝမ်းတွင်း ၊ ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းများကို သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် အသက် (၁၈) နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွန်း ခေါင်းဆောင်သောဝန်ထမ်းများမှ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးပျက်စီးသူများအား စာရင်းများကောက်ယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု (၂၄) အုပ်စုမှ လူဦးရေ (၁၉၀၀) ကျော်ကို ဆောင်ရွက်ပေးခဲ့ပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့နယ်အတွင်း ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများကိုလည်း ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)