ဗန်းမော် နိုဝင်ဘာ ၁၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ် စာစောင် ပြပွဲကို ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြသထားရှိကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များ၊ စာဖတ်ဝါသနာရှင်များ၏ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာစောင်များ၊ အမျိုးသားစာပေဆု စာအုပ် များ၊ သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသကာ စာဖတ်ဝါသနာရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့က စိတ်ဝင်တစ်စား လာရောက်ဖတ်ရှု လေ့လာ ခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)