ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ ငှက်ဖျားရောဂါ နှင့်ပတ်သက်သည့် အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်နွေးနွေးအောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ဟိုင်းကြီးတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်အိအိခိုင်က "ငှက်ဖျား ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အပူပိုင်းဒေသတွင် အများအားဖြင့် ဖြစ်တတ်ကြောင်း၊ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းနှင့် ငှက်ဖျားရောဂါ လက္ခဏာများ၊ သာမန်ငှက်ဖျားရောဂါလက္ခဏာများနှင့် ပြင်းထန်ငှက်ဖျားရောဂါ လက္ခဏာများ၊ ရောဂါကုသရမည့် နည်းလမ်းများနှင့် ကာကွယ်ရန် နည်းလမ်းများကို ”ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်၊ ထိန်းချုပ်နေသည့်ကာလတွင် လူတိုင်းနီးပါးသည် လူမှုကွန်ယက် စာမျက်နှာဖြစ်သည့် ဆိုရှယ်မီဒီယာ (Facebook) ကို အသုံးပြုမှုများပြီး မိမိတို့နှစ်သက်ရာ ဖျော်ဖြေရေး၊ အသိပညာပေးများကို ဖတ်ရှုလေ့လာနေသည့် ပြည်သူများအတွက် အွန်လိုင်းကတစ်ဆင့် အသိပညာပေးခြင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်