မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ယမ်းခေကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုလူဉီးရေစာရင်းများ နေ့ချင်းအပြီးကွင်းဆင်းဆောင်ရွက်ပေး

မိုင်းပျဉ်း နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ယမ်းခေကျေးရွာ၌ အောက်တိုဘာ ၂၅ ရက်၊ ည ၉ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဉီးရေစာရင်းများ ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူများအား ယနေ့နံနက် ၁၀ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးက နေ့ချင်းအပြီး ''အခမဲ့''ကွင်းဆင်းဆောင်ရွက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူ(၅) ဉီးအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၅)ခုနှင့် အိမ်ထောင်စုလူဉီးရေစာရင်း (၁) စောင်အား နေ့ချင်းအပြီး အခမဲ့ဆောင်ရွက်ပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူး ဉီးဝင်းဖေ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်နှင့်  တာဝန်ရှိသူတို့က ပြည်သူလူထု လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။     

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)