မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၀င်များ၏ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကို ယနေ့ မွန်းတည့် (၁၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရ သည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများဖြစ်သည့် မက်မန်းမြို့မ စခန်းမှူး၊ ဒုရဲမှူး သက်နိုင်က စာရေးဆရာ မောင်မင်းစိုးရေးသားသည့်“လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်” စာအုပ်မှလူငယ်နဲ့ ပျော်ရွှင်မှုဆိုသည့် ခေါင်းစဉ်အားဆွေးနွေးခဲ့ပြီး၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ ဦးရန်ပိုင်ဖြိုးမှ လူငယ်နဲ့တန်ဖိုးခေါင်းစဉ်ပါ အကြောင်းအရာ များအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော (Book Club) အဖွဲ့ဝင်များ ဌာနဆိုင်ရာများက အထက်ပါ ဆွေးနွေးချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာပေဝါသနာရှင်များပူးပေါင်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လစဉ်ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(IPRD)