ပင်လောင်း နို၀င်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံထားပြီး မိဘအုပ်ထိန်းသူများ၏ ဆေးထိုးရန် သဘော တူညီမှု ရရှိထားသည့် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထက် ကျောင်းသား၊ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တာ၀န်ရှိသူများက ယမန်နေ့က ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်မိဘများ၏ ဆေးထိုးရန်သဘောတူညီချက် ရရှိထားသော အသက်၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ဆေးထိုးစုရပ်များဖြစ်သည့် တီကျစ် အ.ထ.ကတွင် ကျား ၁၂၃ ဦး၊ မ ၁၆၅ ဦး ၊ အ.ထ.က ဆောင်းပြောင်းတွင် ကျား၂၂၁ဦး၊ မ ၂၃၇ ဦး စုစုပေါင်းကျောင်းသား ၃၃၄ ဦးနှင့်ကျောင်းသူ ၄၀၂ဦးတို့အား ထပ်မံ ထိုးနှံပေးနိင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၁၄ ကျောင်း၊အလယ်တန်းကျောင်း ၂၄ ကျောင်း တို့တွင် ကျောင်းအပ်နှံထားသည့် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိကျောင်းသား၊ ကျောင်းသူ အခြေခံပညာအလယ်တန်းကျောင်းမှ (၈၇၃၆)ဦးနှင့်အထက်တန်းကျောင်းမှ(၁၆၅၈)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၁၀၃၉၄)ဦးတို့အား ဆေးထိုးစုရပ် (၅)နေရာတွင်ထိုးနှံပေး သွားမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဆေးထိုးစု ရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)