ကျိုင်းတောင်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း (၉) နာရီခွဲအချိန်ခန့်က ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ လီဆူးရပ်သို့ Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်း မပြုရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှ ပြန်လာသောအခါ (mask) များကို စနစ်တကျစွန့်ပြစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် ဆေးရန်နှင့် မိမိတို့နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုး ကူးစက်ခံရ သည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးဖြင့် လှည့်လည် တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)