မိုင်းဖြတ် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ စာပေချစ်မြတ်နိုးသူများ အသင်း ၏ စာဖတ်ဝိုင်းကို စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရ ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဖတ်ကြားဆွေးနွေးခဲ့ကြရာ စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးအောင်မြတ်မိုးက စာရေးဆရာမောင်ဝံသရေးသားသည့် “မည်သို့သော လူဖြစ်ရမည်နည်းနှင့် လက်ရွေးစင်ဆောင်းပါးများ” စာအုပ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက ပါမောက္ခဒေါက်တာ ချိုချိုတင့် (မြန်မာစာ) ရေးသာသည့် “မြန်မာစာ သုတရသပန်းခင်း” စာအုပ်ဖြင့် လည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းက စာရေးဆရာမ ခင်မာလာကြူ ရေးသားသည့် “ယုန်ကလေးနှာစေးနေသည်” စာအုပ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး