လင်းခေး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လင်းခေးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီခွဲက လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကျဆင်းရေးကို ဦးတည်ဆောင်ရွက်နေသည့်အတွက် အနည်းငယ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကျဆင်းနိုင်ရန်အတွက် ရှမ်းပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါ မြင့်တက်မှုတွင် ပါဝင်နေပါကြောင်း၊ မိမိတို့ ရှမ်းပြည်နယ် (၂၆) မြို့နယ်သည် ကိုဗစ်-၁၉ ရောဂါ မြင့်နေပါကြောင်း၊ နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက တစ်နိုင်ငံလုံး တွင် အားလုံး (၁၅) မြို့နယ်သာကျန်ပြီး ကျန်သည့်နေရာ အားလုံးတွင် (၄%) ရာခိုင်နှုန်း ကျဆင်း သွားပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း (၃%) ရာခိုင်နှုန်း ကျဆင်းအောင် ကြိုးစားနေပါ ကြောင်း၊ များများစစ်၊ များများဖော်ထုတ်ပြီး ရောဂါထိတွေ့သူများကို ဖြတ်တောက်နိုင်ရန် လိုပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှလည်း Test kit များကို ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ပါ ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်ပြီဖြစ်၍ ကိုဗစ်-၁၉ရောဂါအမြန်ကျဆင်းရန်လိုပါကြောင်း၊ မိမိတို့ အစိုးရ အဖွဲ့မှလည်း တတ်နိုင်သလောက် ပေးအပ်ထောက်ပံ့သွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်များ အားလုံးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားသည်။
ဆက်လက်၍ လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဒေသဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ငွေကျပ် (၁၀) သိန်းနှင့် Mask များကို ထောက်ပံပေးအပ်ရာ လင်းခေးခရိုင် ခေတ္တ အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သန်းတို့မှ လက်ခံရယူ လည်းကောင်း၊ ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ငွေကျပ် (၁၀) သိန်းနှင့် Oxygen Concentrator များကို ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး စိုးနိုင်ဝင်းနှင့် ခရိုင်ပညာရေးမှူး ဦးညီညီတို့မှ လက်ခံရယူလည်းကောင်း ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ငွေကျပ် (၁၀) သိန်းနှင့် mask များ ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းမြင့်ဦးနှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဆိုင်ရာ ခရိုင် ဦးစီးမှုး ဦး၊ဇော်ဝင်းလွင်းတို့မှ လက်ခံရယူရ၍ လည်းကောင်း၊ လင်းခေးမြို့နယ်အတွက် ငွေကျပ် (၁၀) သိန်းနှင့် Hand gel များ ၊ မိုးနဲမြို့နယ် အတွက် ငွေကျပ် (၁၀) သိန်း ၊ Flow meter များကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ပေးအပ်မှ ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက မောက်မယ်မြို့နယ် အတွက် ငွေကျပ် (၁၀) သိန်းနှင့် mask များပေးအပ်ရ လည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေလင်းက မိုင်းပန်မြို့နယ် အတွက် ငွေကျပ် (၁၀) သိန်း နှင့် flow meter များကို ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြပြီး ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လင်းခေးပြည်သူ့ဆေးရုံဝင်းတွင် Oxygen Plant စက်ရုံ လည်ပတ်နေမှုအား သွားရောက်ကြည့်ရူကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)