ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရပ်စောက်      နိုဝင်ဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(MasK)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင်ကြပါရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောကြပါရန်၊ လူစုလူဝေးများကိုရှောင်ရှားကြပါရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်၍ ဆေးကုသမှု ခံယူကြပါရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)