မြစ်သားမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မြစ်သား    နိုဝင်ဘာ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် (၆)လဘတ်ဂျက်အတွင်း (VDP)စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၆)ရွာမှ ကျေးရွာကော်မတီ ဝင်များအား ကျေးရွာဖွံ့တိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရေး ဆွဲနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း၏ ရည်ရွယ် ချက်နှင့် သင်တန်းဖွင့်လှစ် ရခြင်း    ရည်ရွယ်ချက်များအားအမှာစကားတွင် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းနွယ်က (VDP)စီမံကိန်းရန်ပုံငွေအကြောင်းကိုသင်ကြားပို့ချခဲ့ရာ တက်ရောက်လာကြသည့် သင်တန်းသားများက ကျေးရွာဖွံ့တိုးတက်ရေး(VDP)စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးဆိုင်ရာ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် လမ်းခွကျေးရွာ၊ ပေတောကျေးရွာ၊ နွားဖြူငယ်ကျေးရွာ၊ အေးစိမ့်ကျေးရွာ ၊ မှိုင်းဝ ကျေးရွာ၊ ချမ်းငြိမ်းသာကျေးရွာ တို့မှ တစ်ရွာလျှင်(၃)ဦးနှုန်းဖြင့် စုစုပေါင်း သင်တန်းသား(၁၈)ဦး တက် ရောက် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင် ထံမှ သိရသည်။

မြမြမွန်