ကျောက်ဆည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း((VDP) ဖြင့် ကျေးရွာ တွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ရဲဘော်ကြီးအုပ်စု၊ သပြေဝန်းကျေးရွာ၊ ပြည်တော်သာကျေးရွာအုပ်စု၊ ပေါင်လောင်ကျေးရွာ၊ ကလိုင်ကျော်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ကျီးပြကျေးရွာအုပ်စု၊ ရွာသာ အေးကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး လုပ်ငန်းများအကောင် အထည်ဖော ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေများ၊ လုပ်အားမျာ ပါဝင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှုများဖြင့် ကျေးရွာများမှ လမ်းကော်မတီများ ဦးဆောင်ကာ အရှည်ပေ (၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၆)လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူနေမှုဘဝမြင့်မား စေရေးအတွက် ပတ္တာ၊ ကျီးအိပ်၊ ဌက္ကတောင်၊ အနောက် ရွာနန်း၊ တောင်နောက်၊ သမန်းသာ၊ တံတား ဦးလေး၊ တောင်နောက်၊ ညွှန့်ပင်၊ မြို့သာ၊ ကိုးပင်၊ ခတက်ကုန်း၊ မုန့်ပေါင်း၊ ပေါက်ကုန်းကျေးရွာနှင့် ရွာတော်ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးကပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)