ဝမ်းတွင်းမြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ဆေးSinopharmနှင့်Sinovac အား ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း  နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့်ဒေသခံပြည်သူများ၊ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmနှင့် Sinovac အား FirstDose၊SecondDoseထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ခန်းမတွင်ဒေသခံ ပြည်သူများအားဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

Covid19 ရောဂါ ကာကွယ်ဆေးSinopharm နှင့် SinovaအားFirstDoseSecondDose ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် Valunteerများနှင့် ကျောင်းသားကျောင်းသူများ အားကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်း မွန်သူအသက်(၆၅)နှစ်ထက်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် ကျောင်းသားကျောင်းသူ(၁၂၃၆)ဦးအားကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ ကြေားသိရသည်။

ကိုရဲ(ဝမ်းတွင်း)