မြဝတီ နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြုဗဟိုဌာနတွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show တွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီ က (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်း ပြော ကြားသည်။
ထို့နောက် မြဝတီမြို့မှ စာရေးဆရာမ တင်အုန်းရှင်က အမျိုးသားအောင်ပွဲနေ့ စတင်ပေါ်ပေါက်လာပုံ၊ သမိုင်း ကြောင်း၊ အမျိုးသား ရေးစိတ်ဓါတ် ဆိုင်ရာများနှင့်အခြားသိကောင်းစရာများအား ရှင်းလင်းဆွေးနွေး ပြီး မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီနှင့် အကြီးတန်းစာရေး ဒေါ်ကြည်ကြည်ဖြိုးကျော်တို့က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
ထိန်လင်းအောင်(ပြန်/ဆက်)