ကောသောင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ပြုလုပ်

ကော့သောင်း  နိုဝင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ၂နာရီ က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဦးကျော်သက်ဦးက ဝန်ထမ်းများ အနေဖြင့် စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတနှင့်အတွေးအခေါ်များ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးစိတ်များရှင်သန်လာရေး ရည်ရွယ်၍စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်ရုံးဝန်ထမ်းများက စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ရေးသားသည့် ဒေးစကာနက်ဂျီ၏ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း စာအုပ်အခန်း(၂)ပါလူမှု ဆက်ဆံရေးအခြခံမှုများနှင့်ပတ်သက်၍ ၎င်းတို၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

အလားတူ စာဖတ်ဝိုင်းဆွေးနွေးမှုများကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန၌ ဝန်ထမ်းများလစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)