ညောင်ဦး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online အစီအစဉ်အဖြစ် ပုံပြင်ပြော၊ သုတ/ရသ ဆောင်းပါးများ မိတ်ဆက်ခြင်းနှင့် စက္ကူအမျိုးမျိုးအသုံးပြု ကော်ဖီခွက်ပြုလုပ်ခြင်း၊ ပန်းအမျိုးမျိုး ဖန်းတီးလုပ်ဆောင်မှုများပြု လုပ်ပေးလျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်ချိုချိုမာထံက သိရသည်။
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Online အစီအစဉ်ပုံ ပြင်ပြော ခြင်းများ၊ ပန်းအလှထိုးသင်တန်းများနှင့် စက္ကူအမျိုးမျိုးအသုံးပြုပြီး ပန်းအလှပုံ ဖော်ခြင်း၊ ဒို့ကျေးရွာ ဂျာနယ်ပါ တိုင်းရင်းဆေးဆောင်းပါးများ၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို မိတ်ဆက်ခြင်းများအား Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ညောင်ဦးခရိုင် ပြည်သူ့ စာကြည့်တိုက် Page တို့တွင် လွှင့်တင်၍ ပြည်သူများ အားလပ်ချိန် ကြည့်ရှုနိုင်ရန် လွှင့်တင် ပေးလျက်ရှိကြောင်း ဒေါ်ချိုချိုမာ (ဦးစီးအရာရှိ) ထံက သိရသည်။ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနနှင့် ကလေးစာဖတ်ခန်းတို့တွင် ကလေး ငယ်များ ဉာဏ်ကွန့်မြူးစေရေးနှင့်ပြည်သူများ အသိပညာဗဟုသုတရစေရန် ရည်ရွယ်လျှက် Online Talk Show အစီအစဉ်များအား ဌာနဆိုင်ရာများနှင့် ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် ကိုဗစ်တတိယလှိုင်း ကာလ ပရဟိတ အသင်းများ၏ ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုပရဟိတ လုပ်ငန်းများကို လည်းရိုက် ကူးထုတ်လွှင့်ခဲ့ပြီး We Love Nyaungu Page နှင့် MOI Webportal Page တို့တွင် ထုတ်လွှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဒေသန္တရပြတိုက်ငယ်တွင် ပြသထား သည့် နှစ်ပေါင်းတစ်ရာကျော်အိုး၊ ယွန်းဖြင့်ပြုလုပ်ထားသည့် ဆွမ်းအုပ်၊ လောင်းလှေအငယ်စားနှင့် ဒေသထွက် ထန်းကျောက်ဖြစ်ရုပ်ကြွမ်း၊ ယွန်းပစ္စည်းပြုလုပ်ရာတွင် သုံးသည့် ဝါးအမျိုးမျိုး နှီးဖြာပုံများ ကိုလည်း လက်တွေ့လေ့လာနိုင်ကြောင်း သိရသည်။
ကိုထိန်၊KPD