မိုင်းရယ် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့က သံသယလူနာများအဖြစ် ရောက်ရှိလာသူ (၃၀၀) ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၁၀) ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၆၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၁၇ ဦး၊ သေဆုံးလူနာ ၆ ဦး၊ ဆေးကုသမှုမခံယူခဲ့သူ ၁ ဦးနှင့် ဆေးရုံ၊ မိခင်နှင့် ကလေးဆေးခန်းနှင့် မူကြိုကျောင်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသူ (၄၁) ဦးရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် အသိပညာပေးနိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။
ကျော်ဇင်ထိုက်