ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေး တိုက်တွန်းနှိုးဆော်

ကရသူရိ နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေးတိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉နာရီက    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် များတွင် လိုက်လံနှိုးဆော်ပေးခဲ့ ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန့်ချက်များအတိုင်း လိုက်နာနေထိုင်ရမည့်ဖြစ်ပြီး အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း (Mask) ကို တပ်ဆင်ပါ၊ လက်ကို မကြာခဏဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာအောင်   စနစ်တကျ ဆေးကြောပေးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ   ကာကွယ်ဆေး သွားရောက်ထိုးနှံပေးကြပါရန်နှင့် ရောဂါ ကူးစက်မခံ ရအောင်   ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြ ရန်တို့ကို အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)