သုံးခွ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့အဝင် မဟာစည်သာသနာ့ရိပ်သာရှေ့တွင် ယနေ့ နံနက် ၈ နာရီအချိန်က YBS ယာဉ်လိုင်းမှ ကားများ၊ အငှားယာဉ်များ၊ အိမ်စီးကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်း လာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက် ရန်ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ခရီးသွားပြည်သူများ အား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာ အကာအကွယ် (Face Shield) များ တပ်ဆင်ပြီးမှ ခရီးသွားလာကြရန်၊ လက်သန့်စင်ဆေးရေးများ သုံးစွဲကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန့်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ခရီးသွားပြည်သူများအား Mask များ (အခမဲ့)ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သန့်ဇော်လင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဌာနမှူး ဒေါက်တာ ဇော်ဝင်းသန်းနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်