မန္တလေး လူငယ်သင်တန်းကျောင်းတွင် စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေး ဩဂုတ် ၂၀

မန္တလေး လူငယ်သင်တန်းကျောင်းတွင် စိတ်ဓာတ်ခွန်အား မြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (၅၂)၊ ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ အဆိုပါလူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေး လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပရဟိတမင်းခေါင် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများအား စိတ်ဓာတ်ခွန်အား မြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်၊ ဒုတိယကျောင်းအုပ် ဒေါ်သန်းသိန်းအေးနှင့် ဝန်ထမ်းများ၊ ပရဟိတမင်းခေါင် လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်တင့်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသားများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)