ဗန်းမော်မြို့တွင် သီးနှံအသုံးပြု သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ဗန်းမော်       နိုဝင်ဘာ      ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံတောင်သူများအား အစားအစာဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေး၊ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) နည်းပညာများ လိုက်နာကျင့်သုံးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနတို့ပူးပေါင်းပြီး သီးနှံအသုံးပြု သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြသက်ဦးက အသိပညာပေး Talk Show အစီအစဉ်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက သဘာဝအပင်ထွက် ပိုးသတ်ဆေး၏ အဓိပ္ပါယ်၊ သဘာဝအပင်ထွက် ပိုးသတ်ဆေးကို ဆေးဖက်ဝင်ပစ္စည်းများအကြောင်း၊ သဘာဝအပင်ထွက် ပိုးသတ်ဆေး ပြုလုပ်နည်းများနှင့် သဘာဝအပင်ထွက် ပိုးသတ်ဆေးများအသုံးပြုခြင်းဖြင့် ရရှိသောအကျိုး ကျေးဇူးတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ကိန်းဖြူ (ပြန်/ဆက်)