ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံ နိုဝင်ဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်နှင့် ကရင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန တို့ပူးပေါင်း၍ “တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဘားအံခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကရင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးအတွက် ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ကရင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာမိုင်းညီသောင်းစိန်က တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ကို ဖွဲ့စည်းခဲ့သည့်ခုနှစ် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်းမှန်းချက်၊ မျှော်မှန်းချက်များ၊ ကရင်ပြည်နယ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးကို ဖွင့်လှစ်ခဲ့သည့်ခုနှစ်၊ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ခရိုင် ( ပြန်/ဆက် )