ဝမ်းတွင်းမြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ဆေးSinopharmအားFirst  Dose၊ Second Dose ဆက်လက်ထိုးနှံပေး

ဝမ်းတွင်း  နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့်ဒေသခံပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmများ First  Dose၊ Second Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ခန်းမတွင် ဒေသခံပြည်သူများ အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

Covid19ရောဂါကာကွယ်ဆေးSinopharmအားFirstDoseSecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင်မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိအသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့်Valunteerများအား ကျန်မာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက် များနှင့်အညီကျန်းမာရေးစစ်ဆေးပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများဆောင်ရွက်ပေးပြီးကျန်းမာရေး ကောင်းမွန်သူအသက် (၆၅)နှစ်ထက်ရှိသူများ၊ဒေသခံပြည်သူများအားတစ်ရကါတာအနေဖြင့်FirstDoseအဖြစ်(၁၅၅)ဦး၊SecondDose(၄၅၀)ဦးစုစုပေါင်း (၆၀၅)ဦးအားကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံ‌ခြင်းလုပ်ငန်းများဆောင်ရွာသို့မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ကျန်မာရေးဌာနဝန်ထမ်းများ၊မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့်ဒေသခံပြည်သူများကပူးပေါင်းဆောင်ရွက်ခဲ့ကြေားသိရသည်။

ကိုရဲ(ဝမ်းတွင်း)