ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက် (၁၈) နှစ်ပြည့်ပြီးသည့်နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေကို မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုကို၊ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အသက်(၁၈)နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်း ၂၀၂၀ပြည့်နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်း၏စီမံမှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများသည်၊ ရပ်ကွက်/ကျေးရွာများအလိုက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ၊ လွတ်လပ်ရေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်နယ်တာဝန်ခံဒေါ်ခင်စိုးလွင်နှင့်အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကွင်းဆင်းဆောင်ရွက်ပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေအေးနှင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးမြင့်သန်းတို့မှကွင်းဆင်စစ်ဆေး၍ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပြီး၊ လိုအပ်ချက် အခက်အခဲရှိ/မရှိနှင့် ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များအား အခက်အခဲ ရှိ/မရှိတို့ကို တွေ့ဆုံမေးမြန်းကြပြီး လိုအပ်သည့်အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)