ကော့ကရိတ် သြဂုတ် ၁၉
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင်ကိုဗစ်.၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့်မြို့ပေါ်ရပ် ကွက်ကျေးရွာ များရှိအိမ်ထောင်စု(၉၃၁၂ )စုထံသို့လက်ဝယ်ရောက်ပေးအပ်လျှက်ရှိကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များ အား ထောက်ပံ့ငွေများ ပေးခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်အနေဖြင့် ကရင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ်ဒေါက်တာမျိုးအောင်၊မြို့ နယ်အုပ်ချုပ်ရေးမှူးဦးဆန်းနုနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် ောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်း ဖြင့်ကော့ကရိတ်မြို့ပေါ်(၇)ရပ်ကွက်ရှိအိမ်ထောင်စု(၂၇၇၂)စု၊ကျုံဒိုးမြို့ပေါ်(၄)ရပ်ကွက်ရှိအိမ်ထောင်စု(၆၃၄)စု၊ ကျေးရွာ အုပ်စု ( ၄၆)အုပ်စုရှိ အိမ်ထောင်စု(၅၉၀၆ )စု၊စုစုပေါင်းအိမ်ထောင်စု(၉၃၁၂)စု အတွက်ထောက်ပံ့ငွေ ကျပ်( ၁၈၆၂၄၀၀၀၀/_) ကိုလိုက်လံထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)