လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယနေ့ နေ့လည် ၁၂နာရီက ပင်လုံဈေးနှင့် အောင်မင်္ဂလာဈေးများတွင်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စည်ပင်သာယာ ရေး ကော်မတီ အဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်မန်နေဂျာ ဦးမင်းမင်း ခေါင်းဆောင်သော အဖွဲ့က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးများအတွင်းလျှပ်စစ်ကြိုးများ သွယ်တန်းထားရှိမှုများနှင့်  မီးသတ် ဆေးဗူးများ ထားရှိမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေးခြင်း လျှပ်စစ်အန္တရာယ်ရှင်းရန် သတိပြုရန်အချက်များ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထား ဆောင်ရွက်ရမည့် အချက် များ၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်း များကို ကလေးငယ်များ လက်လှမ်းမမီသော နေရာတွင် တပ်ဆင် အသုံးပြုရန်၊ နေအိမ်ရှိ လျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်နက် အသုံးပြုခြင်းမှ ရှောင်ရှားရန် အစရှိသည့် များကို အသိပညာပေး ဆောင်ရွက်ပြီးနောက် လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်းစာစောင်များ ကိုလည်း အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။     

မြသန္တာဝင်း(ပြန်/ဆက်)