ကျောက်ဆည် နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ယနေ့နံနက် (၉) နာရီခွဲက တတိယအသုတ် (ဒုတိယအကြိမ်) နှင့် စတုထ္တအသုတ် (ပထမအကြိမ်) အဖြစ် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့က အသက်(၁၈)နှစ်အထက်ပြည်သူ (၅၀၅)ဦး ထိုးနှံပေးခဲ့ ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒုတိယ အကြိမ်အဖြစ် သံဃာတော်နှင့် သီလရှင်(၁၈၆)ပါး၊ အစိုးရ ကျန်းမာရေး ဝန်ထမ်း (၆) ဦး၊ ပုဂ္ဂလိက ကျန်းမားရေးဝန်ထမ်း (၁၇) ဦး၊ လူမှုရေးအဖွဲ့ဝင် (၁၄) ဦး၊ နိုင်ငံ့ဝန်ထမ်း (၄၈၅) ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၃၆၇)ဦး၊ ပို့ဆောင်ရေး လုပ်ကိုင်နေသူ (၃၄၆) ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း လုပ်ကိုင်သူ(၁၄)ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူ (၆၈) ဦး၊ အချုပ်သား (၁) ဦး၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်း (၁၆) ဦး၊ ပို့ကုန်/သွင်းကုန်နှင့် ကုန်ပစ္စည်း သိုလှောင်ရေး လုပ်ကိုင်သူ (၃၁) ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သည့် ပြည်သူ (၁၅၉၈၈) ဦး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ရောင်ချခြင်းလုပ်ငန်း လုပ်ကိုင်နေသူ (၇၉) ဦး၊ မှီခိုပြည်သူ (၇၅၉၇) ဦးနှင့် မသန်းစွမ်းသူ(၂၉)ဦး စုစုပေါင်း (၂၅၂၄၄)ဦး ထိုးနှံပေးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)