နောင်မွန်းမြို့၌ အထူးစီမံချက်ဖြင့် လမ်းဆုံလမ်းခွများတွင် ကျန်းမာရေးစစ်ဆေးခြင်းများ  ဆောင်ရွက်

နောင်မွန်း    နိုဝင်ဘာ   ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်း အထူးစီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉)နာရီတွင်မြို့တွင်းလူအသွားအလာများသောနေရာများ၌ ဆောင်ရွက် ပေးလျက်ရှိ သည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် လူအသွားအလာများသည့် မြို့မဈေးလမ်းဆုံ၊ မြို့အထွက်ဘုရင့် နောင်တံတားအနီး၊ မြို့အဝင်ဂိတ်နှင့်မြို့တွင်းလမ်းဆုံလမ်းခွနေရာများတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ RDT Test Kit ဖြင့်နှာခေါင်းနှိုက်ခြင်း၊ နှာခေါင်းစည်း Mask များ ဝေငှခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြပ်မတ်မှုဖြင့် နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်၍ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။