လိပ်သို နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ လိပ်သိုမြို့ အထွက် တောင်ငူ-လွိုင်ကော် ပြည်ထောင်စု လမ်းမပေါ်၌ ယနေ့နံနက် (၁၀)နာရီအချိန်က လိပ်သိုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့အု်ပချုပ်ရေးမှူး ဦးစောမြကျော် ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထိုသို လုပ်ငန်းများဆောင်ရွက်ရာတွင် လိပ်သိုမြို့တာဝန်ခံဆရာဝန် ဒေါက်တာ ဇေယျာဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ခရီးသွားပြည်သူများအား (Test Kit) ဖြင့် နှာခေါင်းတို့ဖတ် နမူနာရယူ၍ ရောဂါပိုး ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းတွင် နှာခေါင်းစည်း (Mask) နှင့် လက်သန့်ဆေးရည်များပါ အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)