နမ့်ခမ်း နိုဝင်ဘာ ၁၀
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ရောဂါကြိုတင်ကာကွယ်တားဆီးရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆော်ဩခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးဗွီနိုင်းပိုစတာများ ပြသပေးထားခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် နမ့်ခမ်းမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်မပျက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် လူစည်ကားရာနေရာများဖြစ်သည့် နမ့်ခမ်းမြို့ပေါ်ရှိ လမ်းဆုံနေရာများ၊ စည်ပင်သာယာမြို့မဈေး၊ ပန်ပွဲညဈေး၊ အမှတ်(၂)၊ အောင်မေတ္တာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း၌ ရောဂါကြိုတင်ကာကွယ်တားဆီးရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေး လိုက်လံဆော်ဩအသိပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးဗွီနိုင်းပိုစတာများ ပြသပေးထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ကုသရေးကော်မတီများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ လူမှုကူညီရေးအသင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)