မိုင်းပျဉ်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)တွင် ပညာသင်ကြားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် မထိုးနှံရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ် မတည့်သော ရောဂါရှိ/မရှိ၊ အတက်ရောဂါစသည့် ဉီးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိတို့ကို မေးမြန်းပြီးမှသာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဉီးနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၆)ဉီး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၆)ဉီးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ်(၃၀) စောင့်ကြည့်ပြီးမှသာ ဆေးထိုးစုရပ်မှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၂၇၄)ဉီးရှိပြီး ဆေးထိုးစုရပ်နေရာများတွင် သတ်မှတ်နေ့ရက် အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့မှ ယနေ့အထိ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄၉၂)ဉီးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉၆)ဉီး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၅၈၈)ဉီး ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးခဲ့ပြီး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)