ကွမ်းခြံကုန်း အောက်တိုဘာ ၁၀
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုနိုင်ရေး ရည်ရွယ်ပြီး မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်၉ နာရီ ၃၀ မိနစ်အချိန်မှ စတင် စျေးပိုင်းရပ်ကွက် အ-ထ-က(၂)တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံမည့် အသက်(၁၂)နှစ်မှ အထက် ကျောင်းသား/သူ စုစုပေါင်း(၂၆၃၆)ဦးရှိရာ ကျန်ရှိသည့် ကျောင်းသား/သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိရာ သက်ဆိုင်ရာစုရပ်ကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ကာကွယ်ဆေး မထိုးမီ ကျောင်းသား/ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေး သွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြ သည်။ ဆေးထိုးပြီး ကျောင်းသား/ ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။ အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသိုက်၊ သက်ဆိုင်ရာ ကျောင်းမှ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ စေတနာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက အင်တိုက် အားတိုက်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်
(ဆွေနွယ်ပြန်/ဆက်)