မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး -ကန်ပိုက်တီ ကားလမ်း မြေပြိုမှုဖြစ်ပွား

ဆဒုံး   သြဂုတ် ၁၉

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ည (၉) နာရီခန့်က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းသွား မိုင်တိုင်အမှတ် (၃၃/၃၄) ကြား ဆဒုံး လန်နရေတံခွန်အနီး အလျား (၁၀၀) ပေ ၊ အနံ (၃၀) ပေ၊ အမြင့် (၁၅) ပေခန့် နှင့် ဆဒုံး-ကန်ပိုက်တီကြား လုဂျီကျေးရွာအနီး တို့တွင် တောင်ကမ်းပါး ပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကမ်းပါးပြိုကျရာနေရာ မိုင်တိုင်အမှတ်(၃၃/၃၄) ကြားရှိ ကမ်းပါပြိုကျသည့် နေရာအား ဆဒုံးမြို့ ဌာနဆိုင်ရာနှင့်ပြည်သူများက ဘူဒိုဇာဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရန် မြေစာနှင့်ကျောက်တုံး ကျောက်ခဲများရှင်းလင်း ဆောင်ရွက်ခဲ့ပြီး  ဆဒုံး- ကန်ပိုက်တီကြားရှိ လုဂျီကျေးရွာအနီးရှိ ကမ်းပါး ပြိုကျသည့်နေရာနှင့် အထက်ဘာတွန် ကျေးရွာအနီး တွင်ပြိုကျသည့်နေရာများအား ဆက်လက် ရှင်းလင်း နေကြောင်းသိရသည်။

ကျော်နိုင်ဌေး (ပြန် /ဆက်)