လောက်ကိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဒေသရုံးနှင့်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောက်ကိုင်မြို့ နယ်ဦးစီးမှူးရုံး ပူးပေါင်း၍ ပန်းခင်းစီမံချက်အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centry ခန်းမ ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ပန်းခင်းစီမံချက်ခေါင်းစဉ်ဖြင့် ပြည်သူ များအား “ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆိုသောဆောင်ပုဒ်နှင့်အညီ ပြည်သူ များမိမိကျေးရွာ၊ မိမိနေအိမ်နေထိုင်ရင်း အချိန်မကုန်၊ လူမပင်ပန်းဘဲ နိုင်ငံသားတိုင်း နိုင်ငံသား ကတ်ရရှိ ကိုင်ဆောင်နိုင်အောင် ရပ်ကွက်/ ကျေးရွာအထိကွင်းဆင်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြည်သူလူထုအကျိုးအတွက် လက်တွေအကောင် အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ပြည်သူလူထုများအသိပညာပေးခြင်း၊ ပြည်သူများကိုယ်တိုင်ကျယ် ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကာ ပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ပါကြောင်း၊ အိမ်ထောင်စု စာရင်းမရှိသော်လည်း ဒေသခံတိုင်းရင်းသားများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးတို့၏ စိစစ်ပြီးမှန်ကန်ပါက နိုင်ငံတော်က ဖွဲ့စည်းပေးသော(၅)ဦးကော်မတီက စိစစ် လက်မှတ်ရေးထိုးပြီး ရှေးဦးစွာ အိမ်ထောင်စုစာရင်းထုတ်ပေးပြီး ကိုင်ဆောင်သင့်သော ကတ် ပြားများထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးမှပြည့်ပြည့် စုံစုံရှင်း လင်းဖြေကြားခဲ့သည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း သိရသည်။
ဒေါ်နန်းမြမြ၀င်း