မောက်မယ် မတ်၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်ယွန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ရွာငံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ နည်းပြ ဒေါ်နီလေးလွင်က ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး စက်ချုပ်သင်တန်းနည်းပြများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ဇနီးဒေါ်ညွန့်စိန်မှ အမှတ်တရလက်ဆောင်များပေးအပ်ရာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက အပ်ချုပ်စက်တစ်လုံးစီ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)