တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း မိုင်းယန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ လူမူရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မိုင်းယန်း     နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနာယက၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိုင်းယန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများ၊ လူမူရေးအသင်း အဖွဲ့များနှင့်တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနာယက၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂၄)ပြည်အိတ် (၁၀)အိတ်၊ ဆီ(၁၀)ပိဿာ(၅)ပုံးနှင့် ကြက်ဥအလုံး(၃၀)ပါ(၁၇)ကဒ်တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မိုင်းယန်းလူမူကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)