မေတ္တာ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် (၁၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာ ပင်များ လှည့်လည်ပူဇော်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မော်တော်ယဉ်များဖြင့် လှည့်လည်ပူဇော်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပဒေသာပင် လှည့်လည်ပူဇော်ခြင်းကို မေတ္တာမြို့ မဟာဗျူဟာ တပ်ဦး ကျောင်းမှ ဆရာတော် ဦးအရိယဝံသဦးစီးပဓာနဖြင့် မေတ္တာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)၊ (၂)ရပ်ကွက်တို့ရှိ ဗုဒ္ဓဘာသာဝင်များမှ အကပဒေသာများဖြင့် စည်ကား သိုက်မြိုက်စွာဖြင့် တောင်သုံးလုံးကျေးရွာ၊ ကျောက်မဲတောင်ကျေးရွာများအထိ လှည့်လည်ပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။
နန်းခလိုက်(မေတ္တာ)