လောင်းလုံး နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် ကိုဗစ်- ၁၉ ကွင်းဆက်များ ပြတ်တောက်စေရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ကြရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask.များ အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့နှင့် မြို့မစျေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆောင်ရွက်ရာတွင် လောင်းလုံး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ လောင်းလုံး မြို့မစျေးတွင် စျေးရောင်း/စျေးဝယ်သူများအား နှာခေါင်းစည်းMask များ တပ်ဆင်ပြီးမှ စျေးရောင်း/ဝယ်ပြုလုပ်ကြပါရန်၊ ကိုဗစ်-၁၉ရောဂါအား ပေါ့ဆလို့မရသေးပါကြောင်းနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများအား ထိုးနှံကြ ပါရန် လမ်းညွှန်အသိပေးမှာကြား ခဲ့သည်။
ထို့နောက်လမ်းသွားလမ်းလာပြည်သူများအား Maskများအခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း( လောင်းလုံး )