သရက်ချောင်း နို၀င်ဘာ ၉
တနသ်ာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ယနေ့နံနက် (၁၀) နာရီက နတ်သျှင် (ရွှေဂူ) ရေးသားထားသည့် လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်၀င်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (book club) အဖွဲ့၀င် ဒေါ်ယမုံအေးက မိတ်ဆွေကောင်းနှင့် ခရီးသွားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (book club) အဖွဲ့၀င် ဒေါ်သီသီအေးက စာဖတ်ခြင်း အတက်ပညာခေါင်းစဉ်ဖြင့် လည်းကောင်း၊ (book club) အဖွဲ့၀င် မဆောင်းယွန်းစံက ငြိမ်းချမ်းသော မိသားစုဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးကြရာတက် ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းသည် စာရေးဆရာများ၏ အတွေ့အကြုံ၊ လက်တွေ့ အသုံးချပညာရပ်များနှင့် အသိပညာဖွံဖြိုးတိုးတက်မှုတို့ကို လူငယ်/လူရွယ်များသို့ ပညာပေး ချပြဆွေးနွေးခြင်းဖြစ်ပြီး စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူး များအပြားရရှိ၍ စာဖတ်နှုန်းတိုးစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အေးနွယ်၀င်း