မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး     နိုဝင်ဘာ   ၉

ပြည်သူများစာပေဗဟုသုတရရှိစေရန်နှင့်အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်မင်းစိုး၏ ‘’လူငယ်နဲ့အထက်တန်းစားစိတ်ဓါတ်’’စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် စာရေးဆရာမမေကျော်(ပြန်/ဆက်)က ‘’လူငယ်နဲ့ကျန်းမာရေး’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဇော်လင်းဦး(အောင်/စံ)က ‘’လူငယ်နဲ့ပျော်ရွှင်မှု’’ ခေါင်းစဉ်ဖြင့် လည်း ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး စာရောက်လာသော စာပေဝါသနာရှင်များ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာအုပ်တွင် လူငယ်နဲ့ကျန်းမာရေး၊လူငယ်နဲ့ပျော်ရွှင်မှု၊လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ လူသားအသိ၊လူငယ်နဲ့တန်းဖိုး၊လူငယ်နဲ့အဆုံးအမနှင့် လူငယ်နဲ့မေးခွန်း အစရှိသော အကြောင်းအရာများပါရှိပြီး စာဖတ်ဝိုင်းသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရေးဆရာ၊ စာရေးဆရာမများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)