ရှမ်းရွာသစ်မြို့ ကမားထကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်     နိုဝင်ဘာ   ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများပြုလုပ်ပေးခြင်းကို   ကမားထကျေးရွာ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့ဦးစီးမှူး ရုံးမှ ဒုလဝကမှူးဦးသန်းကိုနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုလည်း စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ်အသုံးပြုရန်အချက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး ကမားကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 ရှမ်းရွာသစ်(ပြန်/ဆက်)