ကလိန်အောင် နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စာပေချစ်သူများ အသင်း (Book Club) ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးမိုးခိုင်က ဖွဲ့စည်းထားသည့် (Book Club) စာပေချစ်သူ အသင်းဝင်များအနေဖြင့် စာဖတ်ဝိုင်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း စာပေဝါသနာရှင်များနှင့် ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုမှုအလေ့အထများ ရရှိလာစေရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများအသင်းဝင် ဒေါ်ချိုမာဝင်းက ကျောင်းသူ/ကျောင်းသား များအပြင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်စေလိုကြောင်း၊ လူတိုင်း ဖုန်းကိုင်လာကြသည့်အတွက် လူငယ်များ စာပေနှင့် ကင်းကွာလာကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပုံမှန်ကျင်းပ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ကျောင်းသူ/ကျောင်းသားများ အနေဖြင့် စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန် လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အသင်းဝင် ဦးစစ်နိုင်က အသင်း၏ ဆက်လက် ဆောင်ရွက်ကြမည့် အစီအစဉ်များနှင့် ရန်ပုံငွေထား ရှိမှုအခြေအနေများကို ဆွေးနွေးရာ တက်ရောက်လာကြသော အသင်း၀င်များမှ ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မိုးမိုးခိုင်